Wednesday, February 6, 2008

နောင်
ရေးသူ-နောင်

နောင်ဘ၀သည်
ရှိသည်လေလား မရှိလားလဲ
ထင်ရှားမသိ
မသိနေရာ၊ သွားချင်ပါလဲ
ရှိဆဲနေရာ၊ မစွန့်ခွါရဲ။


နောင်ဘ၀သည်
လှသည်လေလား မလှလားလဲ
သိကားမသိ
လှသည့်နေရာ၊ သွားချင်ပါလဲ
ရှိဆဲနေရာ မစွန့်ခွါရဲ။

နောင်ဘ၀သည်၊ ရှိသည်ဆိုက
နောင်ဘ၀သည်၊ လှသည်ဆိုက
နောင်ဘ၀တွင်၊ ရောက်ပျော်ချင်လဲ
ရှိဆဲနေရာ၊ မစွန့်ခွါရဲ။

နောင်။
ရှုမ၀မဂ္ဂဇင်း၊ အတွဲ ၂၅၊ အမှတ် ၂၉၁။ ၁၉၇၁ သြဂုတ်လ။

No comments:

Post a Comment