Tuesday, June 4, 2013

မင်္ဂလာနံနက်ခင်း - ကိုလေး (အင်းဝ ဂုဏ်ရည်)




မ င်္ဂ လာ နံ နက် ခင်း


 
စိန် ချွန်း ဆိုင် က ပဲ နံ ပြား
တ ဒုန်း ဒုန်း တ ဖျတ် ဖျတ် ရိုက် သံ ကြား
သ မီး လေး ရေ နိုး ပြီ လား.....

ဦး ကု လား ဆိုင် က ရေ နွေး က ရား
တ ဗွက် ဗွက် နဲ့ ပွက် သံ ကြား
သ မီး လေး ရေ နိုး ပြီ လား.....

ဒေါ် ပြား ကြီး ရဲ့ အော် သံ ကြား
ပဲ ပြုတ် တော် ရို့ ဝယ် ကြ အုံး မ လား
သ မီး လေး ရေ နိုး ပြီ လား......

ကုန် စိမ်း ကား ဦး စက် သံ များ
ဈေး ကြီး လမ်း ဆီ အီ အီ သွား
သ မီး လေး ရေ နိုး ပြီ လား.....

ထွန် စက် သံ လား မိုး သံ လား
တောင် ကွင်း ဘက် က သဲ့ သဲ့ ကြား
သ မီး လေး ရေ နိုး ပြီ လား.....

သ ကာ လှည်း လား နှမ်း လှည်း လား
နွား ငေါက် သံ နဲ့ ကြိမ် သံ ကြား
သ မီး လေး ရေ နိုး ပြီ လား.....

စာ အုပ် ပုံ ကြား ခေါင်း ငုံ့ ထား
အ င်္ဂ လိပ် စာ လား မြန် မာ လား
ကျက် နေ တာ လား ဖတ် တာ လား
သ မီး လေး ရေ နိုး ပြီ လား.....

ကို လေး ( အင်း ဝ ဂုဏ် ရည် )

No comments: