အနှစ်
၃၀ က လ ၂၀၀…
ကိုယ့်ရဲ့
အဟောင်းတွေထဲက အမေရိကကို ရောက်လာတဲ့အထဲ သူလည်းပါတယ်…။
မိုးဝေမဂ္ဂဇင်း
လ ၂၀၀ ပြည့် အထူး။
ရောက်နေတာတော့
ကြာပါပြီ..။ သတိရလို့ ရှာဖွေ တူးဖော်လိုက်တာ ပြန်တွေ့တယ်..။
ကိုနတ်
(နတ်နွယ်) လက်မှတ်ထိုးပေးတာ နေ့စွဲက ၃၀/၈/၈၄ ။
အဲဒီကာလတွေမှာ
ဆိုင်ကြီးလို့ ကိုယ်တို့ ခေါ်တဲ့ မောင်သိန်းဆိုင် နဲ့ ကိုယ်နဲ့ အတော်တွဲကြတယ်..။
ညနေတိုင်းလိုလို ဆိုင်တဆိုင် ဆိုင်မှာ ဒါမှမဟုတ် မြောက်ဥက္ကလာက သူ့အိမ်မှာ
သောက်ဖြစ်တယ်။ သူတို့ ခေါ်တဲ့ ကိုနတ် (နတ်နွယ်) လည်း ပါတယ်။ ဆိုင်ကြီး အိမ်မှာ
ဆိုရင်လည်း သမီးယောက်ဖတော်တဲ့ သူတို့ နှစ်ယောက်က အိမ်ချင်းမဝေးလှတော့ ကိုနတ်က
ရောက်ရောက် လာတတ်တယ်။ တခါတလေ ဖာသာကြီးလို့ သူတို့ ခေါ်တဲ့ မောင်သိန်းဆိုင် အဖေ ဆရာ
ဦးတင့်ဆန်းလည်း လာတတ်တယ်။ ဒီလိုနဲ့ပဲ သူတို့ (အများခေါ်သလို) ကိုယ်လည်း ကိုနတ်
ခေါ်တာ နှုတ်ကျိုးသွားတာ…။ တကယ်တော့ ကိုယ်က
အပြာနဲ့အဝါ၊ မြန်မာပြည်ပြောက်ပိုင်းတို့ ဖတ်ပြီး ကြီးလာရတာ…။ ကိုယ့်ထက်
အများကြီး ကြီးတယ်။
အဲဒီနေ့က
ဆိုင်ကြီးက ကိုယ့် လမင်းတရာကို ရောက်လာပြီး နှစ်ယောက်သား မိုးဝေတိုက်ကို ချီတက်ကြတယ်။
မိုးဝေ လ ၂၀၀ ပြည့် ထွက်တဲ့နေ့။ တိုက်မှာ လူစည်တယ်။ ဆုံနေကျ ဘော်ဒါတွေ
တော်တော်များများ ရောက်နှင့် နေကြတယ်။ ကိုနတ်က မဂ္ဂဇင်းတအုပ် လှမ်းယူလိုက်ပြီး
သူ့ဆောင်းပါးပါတဲ့ စာမျက်နှာကိုလှန်လိုက်ပြီး အမှတ်တရ လက်မှတ်ထိုးပေးတယ်။
သူ့ဆောင်းပါးက…..
"မိမိနှင့်ဒဂုန်တာရာ
သိုမဟုတ် လှုပ်ခတ်နေသော အရိပ် အရောင်များ….." တဲ့။
ပြီးတော့
သူတို့ ဆင်ကြီးလို့ ခေါ် ခေါ်နေတဲ့ ဆင်ဖြူကျွန်းအောင်သိန်းကလည်း စာအုပ်ကို
လှမ်းယူလိုက်ပြီး သူ့ဆောင်းပါးမျက်နှာမှာ လက်မှတ်ထိုးတယ်။
နတ်ကတော်ကြီးလို့
ကျနော် နာမည်ပေးထားတဲ့ ဘားလမ်းက ပရဆေးဆိုင် မန်နေဂျာ မြင့်မောင်မောင်ကလည်း သူ့စာမျက်နှာ
"အားလေ၏မျက်နှာမှတဆင့်" မှာ လက်မှတ်ထိုးတယ်။ သူက မြန်မာစာ
အဓိကနဲ့
ကျောင်းပြီးတာ..။ သူ့စာတွေက နူးနူးညံ့ညံ့ ညက်ညက်ညောညော။ လူက မဲမဲ ဝဝ နားမှာ
နားကွင်းပေါက်လေးတပေါက် ပါသေး…။
ဒါနဲ့ ကျနော်က သူ့ကို နတ်ကတော်ကြီးလို့ နာမည်ပေးထားတာ…။
နောက်….. ရှော့တီ..
ဒီနာမည်ကို စခေါ်တာ ဆိုင်ကြီး..။ ဆွေလှိုင်ဦးတို့လိုပဲ လေတပ်က ထွက်လာတဲ့
လွင်စန်းယဉ်က သူ့ရဲ့ မဂ္ဂဇင်းဝတ္ထု စာမျက်နှာ "မမသို့ အလွမ်းပြေ ၁"
လက်မှတ်ထိုးတယ်။
မောင်သွေး
(မောင်သွေးသစ်) က သူ့ ကဗျာ စာမျက်နှာ "တောင်ငူ" မှာ လက်မှတ်ထိုးလိုက်တယ်…။ ခု ပြန်ကြည့်လိုက်တော့
မောင်သွေးက လွဲလို့ တယောက်မှ မရှိတော့ဘူး….။
စာတည်းချုပ်
နတ်နွယ်၊ အထွေထွေစာတည်း လွင်စန်းယဉ် ကွယ်လွန်ခဲ့ပြီ။ တာဝန်ခံစာတည်း မောင်သွေးသစ်
စာပေတာဝန် ထမ်းဆောင်နေဆဲ…။
ပန်းချီဒီဇိုင်းဆိုတဲ့
စာရင်းအောက်မှာ ကြည့်လိုက်တာ ကိုယ့်နဲ့ အင်မတန် ရင်းတဲ့အထဲက ဆရာဗဂျီအောင်စိုး
မရှိတော့ဘူး။ ကိုသိုက် (မောင်မောင်သိုက်)၊ ဆရာစံ (စံတိုး)၊ ကိုဝသုန် (ဝသုန်)
မရှိတော့ဘူး..။ သန်းထွန်းစိုး (မောင်သိန်းဆိုင် သား) တော့ ရှိသေးလား မပြောတတ်ဘူး။
ကိုသန်းဌေးမောင် က အမေရိကမှာ..။ သူက အလတ်ကြီး ရှိသေးတယ်…။
မဂ္ဂဇင်းထဲမှာ
နှစ်တရာစုံထောက်ဝတ္ထုတို ဘာသာပြန်သူ၊ ဇီမာလမ်းဆုံ ၆ ကဗျာကို ဘာသာပြန်သူ ဆရာမြ
(မြသန်းတင့်၊ မောင်သစ်တည်) မရှိတော့ဘူး။ အရှေ့ရိုးမအလွမ်းများ ကဗျာရေးတဲ့ အောင်ဝေး
က အမေရိကမှာ ရှင်သန်ဆဲ….။ ဂျက်ကီကောလင်းကို
ရေးတဲ့ မေအောင်စိုး အင်္ဂလန်မှာတဲ့။ facebook ပေါ်မှာ မကြာသေးခင်ကတော့ တွေ့သေး…။
ကာတွန်းတွေထဲမှာ
မြေဇာ နဲ့ ငွေကြည် ကျန်းကျန်းမာမာ…။ ကံချွန်၊ မြင့်စိုးလေး ကွယ်လွန်သွားရှာပြီ….။ ကိုမြင့်စိုးလေး
အင်းယားလိတ်ဟိုတယ်မှာ အစားအသောက်ဆိုင်ရာ မန်နေဂျာ လုပ်တုန်းက ကျနော်နဲ့
ကာတွန်းမောင်မောင် ကိုပြောတယ်။ ခင်ဗျားတို့ ဘီယာဖိုးပဲယူလာ ကျနော်
အမြည်းကောင်းကောင်း ကျွေးမယ်….
တဲ့။ VIP တွေကိုမှ ထုတ်ပေးတဲ့ sauce တွေ၊ စားစရာ အကောင်းစား တွေနဲ့ ကျနော်တို့
နှစ်ယောက်ကို ဧည့်ခံလိုက်တယ်။ export beer ကလည်း အဲဒီတုန်းက အင်းယားလိတ်မှာမှ
ရတာဆိုတော့ ကိုမောင်မောင်နဲ့ ကိုယ်နဲ့ တွယ်လိုက်ကြတာ….။
အမှတ်တရလေးက
ဒါပါပဲ……..။
မိုးဝေ
အမှတ် (၁)က ၁၉၆၈ ဖေဖော်ဝါရီမှာ ထွက်တယ်။
No comments:
Post a Comment