ဒဂုန်တာရာ၏ သဝဏ်လွှာ
ကျွန်တော်တို့
ဖြတ်သန်းလျက်ရှိသော ခေတ်ပေါ်မြန်မာစာပေ၏ အစောကာလတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏
ဝံသာနုစာပေ။ ၁၀ရာစု အဆုံးတွင် မြန်မာ့ဂန္ထဝင်
စာပေဟု သတ်မှတ်ပြီး ၂၀ ရာစု အစကစ၍ ခေတ်ပေါ်မြန်မာစာပေသမိုင်း စတင်သည်ဟု ကျွန်တော်တို့
မှတ်ယူကြသည်။ ထို့နောက် ခေတ်ပေါ် မြန်မာစာပေခေတ်၏ အလယ်တွင် တက္ကသိုလ်ပရဝုဏ်မှ ခေတ်စမ်းစာပေ
ပေါ်ထွန်းလာသည်။ ယင်းခေတ်စမ်းစာပေသည် ခေတ်ပေါ်မြန်မာစာပေ၏ ဆန်းသစ်မှု၊ စာပေလှုပ်ရှားမှုတရပ်ဟု
ကျွန်တော်တို့ နားလည်ခဲ့ကြသည်။
ယင်းခေတ်စမ်းစာပေကို
ဦးဆောင်သူများထဲတွင်လည်း ဆရာဇော်ဂျီ၏ အခန်းက ကြီးမားပါသည်။ ထိုအခါက ကျွန်တော်တို့မှာ
စာပေဖွဲ့နွဲ့စအရွယ် ပင်ဖြစ်သည်။ သူတို့သည် တက္ကသိုလ်ပညာတတ်များ ဖြစ်၍ ဥရောပ စာပေနှင့်
ရင်းနှီးသော်လည်း အမျိုးသားစာပေ ဖွဲ့နွဲ့မှု၊ ဆန်းသစ်မှုဖြင့်သာ ဖွဲ့နွဲ့ကြသည်။ ခေတ်စမ်း
စာပေခေါင်းဆောင် ဆရာဇော်ဂျီနှင့် ရေးဖော်ရေးဖက်များသည် ခေတ်တခေတ်ကို ထူထောင်ကြသည်။
ထို့နောက် ကျွန်တော်တို့သည်
စစ်ပြီးခေတ်တွင် ဆရာဇော်ဂျီ၏ အသိုင်းအဝိုင်းနှင့် ရင်းနှီးလာသည်။ ထိုအခါ လွတ်လပ်စ နုပျိုစ
အမျိုးသားနိုင်ငံတော် တည်ထောင်စတွင် အတွေးအခေါ် အမျိုးမျိုးနှင့် စာရေးဆရာအသင်း ပရဝုဏ်တွင်
လှုပ်ရှားစ ပြုလာသည်။ ထိုအခါ ကျွန်တော်တို့ ဘက်မှ ဆရာဇော်ဂျီ နေခဲ့သည်ကို မှတ်မိပါသေးသည်။
ကဗျာဆရာဇော်ဂျီ၏
ဗေဒါလမ်းကဗျာဖြင့် အမျိုးသားအားမာန်ကို လှုံ့ဆော်ခဲ့သည်မှာ သေးငယ်သည် မဟုတ်ပေ။ သူ၏ ရှေးဦး
ဥရောပဂန္ထဝင်ကို လေ့လာအခြေပြုသော မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုနှင့် အရေးအသားဆန်းသစ်မှု
ဘဝဒသနဖြင့် ပေါင်းစပ်သော စာပေတရပ်၏ အစဉ်အလာကို ဆက်ခံကြသည် မဟုတ်ပါလော။
ဒဂုန်တာရာ
၃-၉-၂၀၀၀
သာမိုင်းခမ်းရှမ်းရဌ
No comments:
Post a Comment