Saturday, May 21, 2016

ကောင်းကင်ရှိရင် တောင်ပံခတ်မယ်၊ မြေသားရှိရင် အပင်ပေါက်မယ် ရေးသူ - မောင်မှိုင်းလွင် (အင်းဝ)










 




ကောင်းကင်ရှိရင် တောင်ပံခတ်မယ်
***********************************
မြေသားရှိရင် အပင်ပေါက်တယ်
***********************************

မာယာများတဲ့ တောအုပ်
ကြော့ကွင်းတွေ ညွတ်ကွင်းတွေ ထောင်ချောက်တွေ
လေးခွတွေ လေးမြားတွေ လေသေနတ်တွေ
တည်ကြက်တွေ
ကောင်းကင်ပိုက်တွေ အပြည့်။

အချစ်တတ်ဆုံး..
အတပ်မက်ဆုံး..
မျက်လုံးအိမ်သဖွယ် စောင့်ရှောက်
အပြန်လမ်းမြေပုံကို အသိုက်မြုံလိုစွန့်ခွါ
အသံလုံလုံ တောင်ပံခတ်
ကူသံတိတ်ဆိတ် လျှို့ဝှက်ထိန်းသိမ်း
ရှောင်တိမ်း ပျံထွက်
မုဆိုးကွန်ရက် ဝေးရာ။

ရေခြား မြေခြား
ပင်လယ်ရပ်ခြား အားမငယ်
ဘဝနဲ့ချီသယ်လာခဲ့ရ မျိုးစေ့တွေ
ရောက်ရာမြေမှာ အန်ချ
စိမ်းမြဥယျာဉ် ရှင်သန်မျိုးဆက်
ဝင်းလက်တောက်ပ
ချမ်းမြ။    

မောင်မှိုင်းလွင် (အင်းဝ)
၇/၅/၂၀၁၆။

No comments: