Wednesday, December 9, 2009

လေလွင့်သူရဲ့တိမ်
ရေးသူ- ဂျူး

[မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ကဗျာကို အင်တာနက်ပေါ်တင်ခြင်း ဖြစ်ပါတယ်။]


မုန်းတီးမှုများ
နေ့စဉ် စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။



နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ......
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။

ဂျူး။

2 comments:

နီယော်ဓာ said...

မွန်းကြပ်နေတဲ့ရင်အတွက် အသက်တ၀ကြီးရှုရှိုက်သွင်းလိုက်လို့ဝင်သွားတဲ့လေလိုမျိုး ဒီကဗျာကို အမြဲနှစ်ခြိုက်ရတယ်။

Melody said...

ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို မနေနိုင်တော့လည်း ....