Saturday, March 19, 2011

ဝသုန္ဒြီ မဟေသီ
ရေးသူ - မိနှောင်း



[ဒီကဗျာကို မာယာအတွက်၊ သူ့ စုဆောင်းမှု ကိုယ်ပိုင်စာကြည့်တိုက်က ရိုက်ကူးပို့တဲ့ ကဗျာဆရာမ မေငြိမ်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း။]

မကိုဋ်နဖူးစီး
ပြောင်ဟီးသတင်းပေး
ရွှေချွေး ငွေချွေး လက်ယပ်ခေါ်
ထန်းလျက်က တဆုပ်
သကြားရုပ် လောကနတ်
နှုတ်မြတ်အချိုတည်
ဝမ်းဝယ်ဘ၀ပြောင်း
ခေါင်းဆယ်လုံးဒဿ
မာယာပြသီတာငယ်ကို.. လို…။


ဘယ်မျက်လုံးကန်း
စိုးရိမ်စမ်းလျှောက်
ဝဲဘက်ရောက်လေကြောင်
အောင်အတိတ်နဲ့ ချောင်ပိတ်မိသူများ
ပီတိအပြားလိုက်ကပ်တော့သတည်း။

မိနှောင်း

မိနှောင်းရေးတဲ့ နှောင်းသစ္စာ ကဗျာစာအုပ်
၂၀၁၀ ဒီဇင်ဘာ။ ကြယ်နီစာအုပ်တိုက်

3 comments:

Unknown said...

၁၉၇၀ ပြည့်လွန်နှစ်များက စက်မှုတက္ကသိုလ် ကဗျာဆရာများ စုပေါင်းထုတ်တဲ့ ပင့်ကူအိမ်ထဲက ဒေါင်းမြီးကွက် ကဗျာစာအုပ်ထဲမှာ(လို့ထင်ပါတယ်) ဖတ်ဖူးကတည်းက အလွန်ကြိုက်နှစ်သက်ခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်၊ ပြန်ရချင်နေတာ ကြာပြီ
ကျေးဇူးပါ။
နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ချစ်သူခင်သူတစ်ဦးကို မမြော်လင့်ပဲပြန်ဆုံခွင့်ရလိုက်သလိုပါပဲ။

မေငြိမ်း said...

အကို
သိကြားရုပ် လာကနတ်မဟုတ်ဘူး..
သကြားရုပ်... ဖြစ်ရမှာ..
ကျမ မှားတာ..
ပြင်လိုက်ပါဦးး

Maung Aye Win said...

ကျေးဇူး-ဒေါ်မေငြိမ်း။ ပြင်လိုက်ပြီ။
ကျနော်မှာထားတဲ့ စာအုပ်က မိနှောင်းကို လက်မှတ်ထိုးခိုင်းထားတာ မလာသေးဘူး။ မာယာမှာ နောက်ထပ်တင်ချင်သေးတယ်။ လုပ်ပါအုန်း-အန်တီငြိမ်း၊ နောက်ထပ်တပုဒ်လောက်။ ချီကာဂိုက....