Sunday, November 4, 2007

နိဗ္ဗာန်ဘုံအထက်နားဆီက
ရေးသူ-ကြည်ဇော်မိုး

* ငါ......
အမြင့်တနေရာက
ရပ်နေရာကမြင်မိ
အောက်နားမှာကြည့်.......
နာနာဘာဝ
ဝိနာဘာဝ
မကောင်းဆိုးဝါးတသင်း
ရုန်းရင်းဆန်ခတ်
မရပ်မနား ပြေးလွှားခုန်ပေါက်
ပေါက်မြောက် ဟစ်အော်
ဒုစရိုက်နွံထဲ နစ်နေဆဲ......။

* သူတို့ထဲက တယောက်
နောက်တောက်တောက် ပြီတီတီ
ငါ့ဆီ လှမ်းအော်
ဟေ့...ရဲဘော်ကြီး
သွေးသောက်ကြီးရေ
နောင်ကြီးရေ.....တဲ့။ ။

ကြည်ဇော်မိုး
[ "I stood upon a high place" by Stephen Crane"]
[ '၈၆ ဂန္ထ၀င်ပျိုးခင်း ကဗျာစာအုပ်က ကူးယူဖော်ပြတယ်]

No comments: