မဖွင့်ရသေးတဲ့ဓာတ်ပြားဟောင်း
ရေးသူ-လက်ျာဝင်း
* ထမင်းစားရေသောက်ဆိုပေမယ့်
ထမင်းစားဖို့ ရေသောက်ဖို့
လွယ်လို့လား။
* ကမ္ဘာကြီးက ၂၄ နာရီဖွင့်တဲ့လောင်းကစားဒိုင်
ဒါပေမယ့် တဘ၀လုံးတင်ထိုးပါမှ
(နိုင်ခဲ့ရင်တောင်)
အစာတဖတ်လောက် အလျော်ရတာမျိုး
ကဗျာတကြောင်းလောက် အလျော်ရတာမျိုး။
* တွေးမလား သေမလားဆို
တွေးဖို့ကိုရွေးခဲ့
ရေကို ရေရော မသောက်ဘူး
မီးတောက်ကို မီးတို့မျိုမယ်။
* ကျွန်တော်လည်းလူ ခင်ဗျားလည်းလူပါ
ဒီသစ္စာကိုသာ
ရာစုနှစ် တ၀က်စာပဲ့တင်ထပ်လိုက်ပါတယ်။
font >လက်ျာဝင်း။
No comments:
Post a Comment