[ပြည်သူ့အာဏာဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၆)၊ ၃၁-၈-၄၆]
[ဆရာကြီး
သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ
သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"
စာအုပ်မှ ကူးယူဖော်ပြပါတယ်။]
အချင်းချင်းပဋိပက္ခဖြစ်မှုသည်
နယ်ချဲ့
ဖဆပလ
ဗဟိုဦးစီးအဖွဲ့တွင် ရဲဘော်
ရဲဘော်တို့
-
'ယခု ကျွန်တော် ရွေးကောက်ပွဲစကား ပြောရပါလိမ့်မယ်'
(ရယ်ကြသည်)။
ဦးစီးအဖွဲ့
အစည်းအဝေးဖွင့်ပွဲနေ့မှာ ကျုပ်တို့ ဥက္ကဌ ဗိုလ်ချုပ်ကြီးက သူ့မိန့်ခွန်းထဲမှာ
ကျွန်တော့်အကြောင်းလည်း ပြောသွားပါတယ်။
ကျွန်တော့်ကို သူက ' ထိမ်းမနိုင် သိမ်းမရ လူလို့ ' ခေါ်ပါတယ်။
ဆာဒေါ်မန်စမစ်နှင့်ဗိုလ်ချုပ်
မနှစ်က
(ဖဆပလ) အဖွဲ့ချုပ်ကြီးကနေပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ လူရွေးတော့
ကျွန်တော့်နာမည်လည်း ပါသွားတယ်။ ဘုရင်ခံ
ဆာဒေါ်မန်စမစ်က ကျွန်တော်ဟာ ' ထိမ်းမနိုင်သိမ်းမရလူ ' ဆိုပြီး ကျွန်တော်ပါနေတာ ကန့်ကွက်ခဲ့ပါတယ်။
ခု
ကျွန်တော်တို့ ချစ်တဲ့ ဥက္ကဌကြီးကလည်း ဒီစကားပဲ ပြောပြန်ပြီ။ ကျွန်တော်တို့ မိတ်ဆွေနှင့် ရန်သူ ဘယ့်နှယ်ကြောင့်
စကားတူ ပြောတယ်ဆိုတာ ကျွန်တော် အစဥးစားရ ကျပ်နေပါတယ်။ (ရယ်ကြသည်)
ဘာလဲ
ထိမ်းမနိုင် သိမ်းမရ
ဘုရင်ခံ
ဘယ်အဓိပ္ပါယ်နှင့် ပြောပြော ကိစ္စမရှိပါဘူး။
ဗိုလ်ချုပ်က ဘာအဓိပ္ပါယ်နှင့် ပြောသလဲ။
(ထိမ်းမနိုင် သိမ်းမရ) ဆိုတာ ဘာလဲ။
ကျွန်တော်ဟာ စည်းမဲ့ကမ်းမဲ့များ ဖြစ်ဖူးသလား။ ဖြစ်ဖူးရင် ဖော်ပြကြပါ။ ကျွန်တော်ဟာ ဗိုလ်ချုပ်ကို
ဗိုလ်ချုပ်လို့ဆိုပြီး မဝေဖန်ဘဲ မြုံမနေတတ်ပါဘူး။
ပြောစရာရှိ ဘာမှမချန် ပြောတတ်တာဘဲ။
ဥပမာ - ဗိုလ်ချုပ်က လေရှည်ကြီးနဲ့ စကားတွေ နင်းပြီးပြောနေရင် '
ဗျို့ဆရာကြီး သိပ်လေမရှည်နဲ့ တော်ပါတော့လို့ '
ပြောတတ်ပါတယ်။ ဒါမျိုးကို
(ထိမ်းမနိုင် သိမ်းမရ) လို့
ဆိုတာလား။ သို့မဟုတ် ဗိုလ်ချုပ်ဟာ
အခိုက်အတန့် အားဖြင့် ဦးဘဖေ၊ ဦဘချိုတို့ရဲ့ ခေါင်းဆောင်မှုကို လိုက်နေတယ်လို့
ပြောခဲ့တဲ့ ဟာမျိုးကြောင့် (ထိမ်းမနိုင် သိမ်းမရ) လို့ အဆိုခံရတာလား။
မော်စီတုံးကိုပဲ
ကိုးကားမယ်
ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ကတော့ အဝေအဖန် မရပ်နိုင်ဘူး။ (သြဘာသံ)။ ဝေဖန်သင့်ရင် ဝေဖန်မှာပဲ။ ဒါနဲ့ ပတ်သက်ပြီး မော်စီတုံးကိုပဲ
ကိုးကားရမှာပဲ။
ဟိုနေ့က
ဥက္ကဌက ငါးနာရီခွဲကြာတြဲ့ မိန်ခွန်းမှာ စာအုပ်ကြီးငယ်ကနေပြီး ကိုးကားသွားတယ်။ အဲဒီ စာအုပ်တွေဟာ ဥက္ကဌက ကျွန်တော်တို့ ဆီက
ယူထားတဲ့ စာအုပ်တွေပါပဲ။ (ရယ်သံ)။ ( 'ဥက္ကဌက ခင်ဗျားတို့ အပိုင်ပေးတာပဲ' ဟု
ကြားဖြတ်ပြောသည်။) စာအုပ်ကြီးကတော့
အပိုင်ပေးထားတာ အငယ်ကတော့ ငှားသွားပြီး ပြန်မပေးဘူး။ (ရယ်ကြသည်)။
အဲဒီ စာအုပ်အငယ်မှာ မော်စီတုံးက ဘာဆိုထားသလဲဆိုတော့ ဂျပန်ဆန့်ကျင်ရေး
ညီညွတ်ရေး တပ်ပေါင်းစုထဲမှာ လူတန်းစား အမျိုးမျိုး ပါတယ်။ အဲဒီလူတန်းစား အားလုံးဟာ နယ်ချဲ့သမားကို
တိုက်နေတဲ့နေရာမှာ ညီညွတ်ကြပေမယ့် အချင်းချင်း ပဋိပက္ခ မရှိတော့ဘူးလို့
မဆိုနိုင်ဘူး။ မရှိဘဲလည်း
မဖြစ်နိုင်ဘူး။ ပဋိပက္ခ ရှိရမှာပဲတဲ့။ အဲဒီတော့ ပဋိပက္ခတရားတွေ ဖြစ်တဲ့ အချင်းချင်း
ဝေဖန်ရေး၊ တိုက်ရေးဆိုတာ ရှိရတာပဲ။ သို့ပေမယ့်
အဲဒီ ပဋိပက္ခတွေ နယ်ချဲ့သမား
ဆန့်ကျင်ရေးဆိုတဲ့ အကြီးဆုံးသော ပဋိပက္ခရဲ့
နယ်နိမိတ် အတွင်းမှာ ရှိရမယ်။
နယ်ချဲ့တိုက်ဖျက်ရေး
ဒီသဘောကိုပဲ
ကျွန်တော်တို့ ကျင့်သုံးကြပါတယ်။ (ဖဆပလ)
အဖွဲ့ချုပ်ကြီးဟာ လူတန်းစား အမျိုးမျိုး ပါဝင်ပါတယ်။ ပါတီပေါင်းစုံ ပါဝင်ပါတယ်။ အဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်။ (ဖဆပလ) အဖွဲ့ချုပ်ကြီးနဲ့ နယ်ချဲ့သမားနဲ့
အတိုက်အခံ ဖြစ်ခြင်းဟာ အကြီးဆုံးသော ပဋိပက္ခ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခကြီးရဲ့ နယ်နမိတ်အတွင်းမှာ (ဖဆပလ)
အဖွဲ့ဝင်အချင်းချင်း ပဋိပက္ခဖြစ်ရမှာဟာ ဓမ္မတာသဘောပဲ ဖြစ်တယ်။ သို့သော် ကျွန်တော်တို့ အချင်းချင်း
ပဋိပက္ခဖြစ်မှုသည် နယ်ချဲ့သမားကို တိုက်ဖျက်ရေးမှာ အနှေငြ့်အယှက် မဖြစ်စေရ။ အားပေးခြင်းသာ ဖြစ်စေရမယ်။
နယ်နမိတ်ပြင်ကို
မရောက်
ဥပမာ
- ဇူလိုင် ၂၆ ရက်နေ့က (ဖဆပလ) အဖွဲ့ချုပ်က သဘောမတူပဲနဲ့ ကျွန်တော်တို့
ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ပွဲကို လုပ်ခဲ့ကြတယ်။
အဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ကြတယ်။ နယ်ချဲ့သမား ဆန့်ကျင်ရေး၊ ညီညွတ်ရေး
သဘောစစ်စစ်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ နယ်ချဲ့သမားကို ဆန့်ကျင်ရေးဆိုတဲ့
အဓိက ပဋိပက္ခနယ်နမိတ်အပြင်ကို မရောက်ကြောင်း ထင်ရှားတယ်။ အမှန်မှာ ဒီလို ကျွန်တော်တို့က နယ်ချဲ့သမားကို
တိုက်တော့ ဥက္ကဌလည်း နောက်ဆုံးကျတော့ အလုပ်အားဖြင့် သဘောတူလာရတာပဲ။ ဒီတော့ ကျွန်တော်တို့ဟာ
ဒီလိုသီးခြားကင်းလွတ်စွာ လုပ်ကိုင်ခြင်းအားဖြင့် ညီညွတ်ရေး တပ်ပေါင်းစုကို
နှောက်ယှက်ရာ မရောက်ရုံမက အားတောင် ပေးတယ်ဆိုတာ ထင်ရှားတယ်။ ကျွန်တော်တို့ လုပ်တာဟာ နယ်ချဲ့သမားတိုက်ရေး
မဟုတ်ပဲ ပူးပေါင်းရေး ဖြစ်နေရင်တော့ ညီညွတ်ရေး တပ်ပေါင်းစုကို
ဖျက်ရာကျလိမ့်မယ်။
စည်းကမ်းဖောက်ရာကျလိမ့်မယ်။
ဒီသဘောကို ရည်ရွယ်ပြီး ကျွန်တော်တို့ ပါတီဟာ (ဖဆပလ) အဖွဲ့ချုပ်ထဲမှာလည်း
ပါတယ်။ သီးခြားကင်းလွတ်တဲ့
ပါတီအဖြစ်နဲပလည်း တည်ရှိခြင်း ဖြစ်တယ်။
ဖ-ဆ-ပ-လ
အဖွဲ့ချုပ်ဟာ ဘာဖြစ်ရမလဲ။ အရေးကြီးဆုံးက
တပါတီထဲ ဖြစ်မသွားရဘူး။ အဖွဲ့ပေါင်းစုံသာ
ဖြစ်ရမယ်။ 'ပေါင်းစုံမှု' ကို လက်လွှတ်ဖို့
ပြောနေတဲ့ လူတွေဟာ ညီညွတ်ရေး ဖျက်နေတဲ့ လူတွေပဲ။
မလွှဲမရှောင်သာတဲ့ ပဋိပက္ခတွေကို သဘာဝကျကျ သမအောင် လုပ်မပေးပဲ
မျက်စိမှိတ်ပြီး ပဋိပက္ခမရှိသော ညီညွတ်ရေးလို့ အော်ရင်း ပဋိပက္ခတွေကို ကြီးသည်ထက်
ကြီးအောင် လုပ်ရာ ရောက်လိမ့်မယ်။ အဓိက
ဖြစ်တဲ့ နယ်ချဲ့သမား ဆန့်ကျင်ရေးကို ထိခိုက်စေလိမ့်မယ်။
ကျွန်တော်တို့ဟာ
ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဖွဲ့စည်းပုံကို ရှေးက ပေါ်ဖူးခဲ့တဲ့ ဂျီ-စီ-ဘီ-အေ လိုလည်း
မဖြစ်စေလိုဘူး။ ဂျီ-စီ-ဘီ-အေ အစိပ်စိပ်
အမြွှာမြွှာ ကွဲပြီးတဲ့နောက် ဟောသည်က ဘကြီးဦးဘဖေတို့က ဟိုကတစိပ် သည်ကတမြွှာ
ကောက်ပြီးစပ်ထားတဲ့ ငါးပွင့်ဆိုင်ညီညွတ်ရေး ဂျီ-စီ-ဘီ-အေ နဲ့လည်း မတူစေချင်ဘူး။
ခုတလော
ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကို တပါတီထဲ လုပ်ချင်တဲ့ လူတွေက များလာတယ်။ တဖက်က နယ်ချဲ့သမားကလည်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ
တပါတီထဲပါပဲတဲ့ နယ်ချဲ့သမားရဲ့ သတင်းစာ (Statesman) ကလည်း ဖ-ဆ-ပ-လ နဲ့ ပတ်သက်ပြီး
တပါတီ တခေါင်းဆောင်လို့ ရေးနေတယ်။
ဦးစောတို့ ဒေါက်တာဘမော်တို့ကလည်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးကို တပါတီအနေနဲ့
ကြည့်ကြတယ်။ သဘောထားကြတယ်။
ကျွန်တော်တို့
ဒုတိယဦးစီအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တဲ့ စည်းမျဉ်းဥပဒေထဲမှာလည်း တပါတီထဲ
ဖြစ်စသွားဖို့ အလားအလာတွေ အများကြီး ပါတယ်။
ခု ပထမဆုံး ပါတီတွေဟာ ပါတီအဖြစ်နဲ့
မပါရဘူးတဲ့။ တဦးစီအနေနဲ့ ပါရမယ်တဲ့။ နောက်တဆင့် ပါတီတွေဟာ သီးခြားကင်းလွတ်စွာ
မလုပ်ရဘူး။ ဖ-ဆ-ပ-လ က ဆုံးဖြတ်သလိုသာ
လုပ်ရမယ်။ မလုပ်ရင် အပြစ်ပေးခံရမယ်လို့ ဆိုလာကြပြန်တယ်။ ပါတီရဲ့ သီးခြားကင်းလွတ်မှုကို
ထိပါးယိပါးလုပ်ဖို့ ကြံစည် စိုင်းပြင်းလာကြတယ်။
ကျွန်တော်တို့က မခံလို့ ဒီအကြံ မအောင်သေးဘူး။ နို့ပေတဲ့ သည်ကြံစည်မှုက ရှိနေပြီ။ နောက်တဆင့် ပါတီတွေ ဖျက်သိမ်းဖို့
တောင်းဆိုလိမ့်မယ်။ နောက်တခါ လူထု
အဖွဲ့အစည်းတွေ အဖွဲ့အစည်းလိုက် မပါကြနဲ့။
တဦးစီအနေနဲ့ ပါရမယ်လို့ ဆိုကြလိမ့်မယ်။
နောက်ပြီးတော့ လူထုအဖွဲ့အစည်းတွေ ဖျက်ကြပေတော့လို့
တောင်းဆိုလာလိမ့်မယ်။ နောက်ဆုံး
တိုင်းရင်းသား လူမျိုးကလေးများ အဖွဲ့အစည်းများကို ထိခိုက်လာလိမ့်မယ်။ ဒါဟာ တပါတီဖြစ်ရေးရဲ့ ယုတ္တိအဆုံးပဲ ဖြစ်တယ်။
'ပေါင်းစုံမှု'
မူကို ဖျက်ပြီး တပါတီတည်းမူကို ကျွန်တော်တို့ မူလကတည်းက ကန့်ကွက်တယ်။ ဒုတိယဦးစည်းအဖွဲ့ အစည်းအဝေး မှတ်တမ်းမှာလည်း
ကျွန်တော် ကန့်ကွက်ထားတာကို တွေ့ရပါလိမ့်မယ်။
ဒီမူကို နောက်လာမယ့် ပြည်လုံးကျွတ်ညီလာခံကျတော့ တိုက်ဖျက်ပစ်မယ် ဆိုတာလည်း
အခုထဲက နို့တစ်စာ ပေးထားလိုက်ပါတယ်။ (သြဘာသံ)
သည်လိုဆိုခြင်းအားဖြင့် လက်ရှိစည်းမျဉ်းဥပဒေကို ကျွန်တော်တို့က
တိတ်တိတ်ဖောက်ဖျက်မယ်လို့ ဆိုတာ မဟုတ်ဘူး။
ခုတော့ အများသဘောကို လိုက်ပြီး ဒီစည်းမျဉ်းကို တသွေမတိမ်း လိုက်နာမှာပဲ။
ဖ-ဆ-ပ-လ
အဖွဲ့ချုပ်ဟာ အကောင်အထည်အားဖြင့် ဘာလဲ။
ကွန်မြူနစ်၊ ဆိုရှယ်လစ်နှင့် တသီးပုဂ္ဂလများ ညီညွတ်ရေးကို ဆိုလိုတယ်။ ဘယ်သူ့ လက်အောက်မှာ ညီညွတ်ကြမလဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်အောက်မှာ
ညီညွတ်ရမယ်။
အထူးအဆန်းမဟုတ်
ကျွန်တော်တို့နဲ့
ဆိုရှယ်လစ်တွေကတော့ ခဏခဏ အတိုက်အခံ ဖြစ်တာကို တွေ့ရမယ်။ အပဓိက ပဋိပက္ခဖြစ်တဲ့ နယ်ချဲ့သမားတိုက်ပွဲဟာ
ပြင်းထန်လေလေ လွတ်လပ်ရေးနဲပ နီးလေလေ ညီညွတ်ရေးတပ်ပေါင်းစုမှာ ပါကြတဲ့ လူတန်းစားအသီးသီး
ပဋိပက္ခဖြစ်မှု လှုပ်၇ှား လာလေလေ ဖြစ်တယ်။
လွတ်လပ်ရေးနီးတော့ လွတ်လပ်ရင် ငါဘာလုပ်မယ်ဆိုတာဟာ လူတန်းစားအလိုက် အယူအဆ
အမျိုးမျိုး ပေါ်တယ်။ ဒီတော့ ဆိုရှယ်လစ်
ကွန်မြူနစ် ပဋိပက္ခဟာ အထူးအဆန်း မဟုတ်ပါဘူး။
လယ်သမားသမဂ္ဂပေါ်လာရင် လယ်သမားအစည်းအရုံး ပေါ်လာတယ်။ ဈေးသမဂ္ဂပေါ်လာရင် ဈေးအစည်းအရုံး
ပေါ်လာတယ်။ ဘတ်စ်ကားသမဂ္ဂ ပေါ်လာရင်
ဘတ်စ်ကားအစည်းအရုံ ပေါ်လာတယ်။ (ဥက္ကဌက
အပြန်အလှန်ပဲ မဟုတ်လားဟု ကြားဖြတ်မေးသည်)
ဒီလို ပေါ်လာတာ ကျွန်တော်တို့က ဘယ်လို ယူဆသလဲ။ နယ်ချဲ့သမား တိုက်မယ့်နေရာမှာ
သည့်ပြင်လူတန်းစားတွေ လူတွေလည်း အသစ်ပါဝင်လာပြီ။
အသစ်သစ်ဖြစ်သော အင်အားစုတွေဟာ အဖွဲ့အစည်းတန်ဖိုးကို ပိုနားလည်လာကြပြီ။ ပိုမို နိုးကြားလာကြပြီ။ အဲဒီလိုပဲ ယူဆတယ်။ ဆိုရှယ်လစ် အားတိုးရင် လွတ်လပ်ရေးတိုက်ပွဲမှာ
မဟာမိတ် အင်အားတိုးတာပဲလို့ ယူဆတယ်။ (သြဘာသံ)။
ဒါကြောင့်လည်း ဆိုရှယ်လစ်တွေကို ကျွန်တော်တို့က (Brother Patriots)
ညီအစ်ကိုတော်မျိုးချစ်များလို့ ခေါ်တာပဲ။ (ရယ်သံသြဘာသံ)
ဦးဘဘေ၊
ဦးဘချို၊ ဦးတင် စသည်တို့ဟာလည်း လွတ်လပ်ရေးတိုက်ပွဲမှာ တန်ဖိုးအသီးသီး
ရှိကြတာပါပဲ။
ဗိုလ်ချုပ်ပျက်စီးဖို့
သည်အင်အားစုကို
ပေါင်းစုပြီး ခေါင်းဆောင်ရမယ့် လူကတော့ ဗိုလ်ချုပ်ပါပဲ။ ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ
ဗိုလ်ချုပ်ပျက်စီးရာ ပျက်စီးကြောင်း ဘယ်တုံးကမှ မကြံခဲ့ဘူး။ ဖ-ဆ-ပ-လ ညီလာခံတုန်းက ဗိုလ်ချုပ်ကို
ဖြုတ်ချပြီး ကျွန်တော်တက်မယ်လို့ ကောလာဟလ ဖြစ်လိုက်သေးတယ်။ အမှန်အားဖြင့် အဲဒီတုန်းက တက်ရောက်တဲ့
ကိုယ်စားလှယ်တွေ တဝက်ကျော်ကျော်ဟာ ကျွန်တော်တို့ ပရိသတ် ဖြစ်နေတော့ ကြံမယ်ဆိုလည်း
ကြံလောက်တာပဲ။ နို့ပေတဲ့ ကျွန်တော်တို့
မကြံရွယ်ခဲ့ဘူး။ ခုလည်းပဲ သူ့ကို
ကျွန်တော်တို့ ကြည်ညိုတုန်းပါပဲ။ ညီညွတ်ရေး
တပ်ပေါင်းစုံကို သည်ဗိုလ်ချုပ်ပဲ ဗိုလ်လုပ်ဖို့ ဖြစ်နိုင်တယ်။ (သြဘာသံ)
ဘာကြောင့်လဲ။ ဗိုလ်ချုပ်ဟာ နယ်ချဲ့သမားက အကြောက်ဆုံးလူ။ ဘာကြောင့် ကြောက်သလဲ။ သူသာလျှင် တတိုင်းပြည်လုံးရဲ့ နောက်လိုက်မှုကို
ရအောင် ယူနိုင်တဲ့ အခြေအနေ ရှိလို့ပဲ။
သူသာလျှင် နယ်ချဲ့သမားကို တိုက်ပွဲဝင်ရာမှာ လူထုကို မကွဲမပြား ညီညွတ်စွာ ခေါ်ဆောင်သွားဖို့
အခြေအနေ အကောင်းဆုံး ရှိလို့ ဖြစ်တယ်။
အချစ်ဆုံးလူ
နယ်ချဲ့သမားက
အကြောက်ဆုံးလူ ဖြစ်လို့လည်း ကျွန်တော်တို့က အချစ်ဆုံးလူ ဖြစ်တယ်။ (ရယ်သံနှင့်သြဘာသံ)။ ဗိုလ်ချုပ်ကို ကြည်ညိုတယ်ဆိုတာ ဒါကို ပြောတပဲ။
ဗိုလ်ချုပ်ဟာ
နယ်ချဲ့သမားကို တိုက်ဖို့ အကောင်းဆုံး လက်နက် တခု ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က သွေး သွေး ပေးရတယ်။
(သြဘာသံ)။ တိုက်တိုက်ပေးရတယ်။
ဝေဖန်ပေးရတယ်။ (သြဘာသံ)။
(ဗိုလ်ချုပ်ကကြားဖြတ်၍ 'သွေးလွန်းရင် လိပ်သွားမှာကို စိုးရတယ်' ဟု ပြောသည်။
ပြည်သူ့အာဏာ သတင်းထောက်က 'လုပ်တဲ့သံ ပေါ်မှာ တည်ပါတယ်' ဟု ရေရွတ်မိသည်။)
ပုထုဇဉ်ဓမ္မတာမို့
ကျွန်တော်တို့
ဗိုလ်ချုပ်ဟာ အသက်က ငယ်တယ်။ နို့ပေတဲ့
နာမည်က သိတ်ကြီးတယ်။ တကမ္ဘာလုံးမှာလည်း
နေရူးတို့ သည်အရွယ်တုန်းကထက် သတင်းကြီးတယ်။
လူထုရဲ့ အကြည်အညိုကိုလည်း မကြုံဘူးအောင် ခံရတယ်။ သည်လို အခြေအနေမျိုးမှာ ပုထုဇဉ်ဓမ္မတာ ငယ်ရွယ်သူ
ဓမ္မတာ ပျက်စီးစရာ၊ သွေးကြီးစရာ ငါတကောကောစရာ အကြောင်းရှိပါတယ်။ သူမို့လို့ ခုထိ သည်လောက် ခံနိုင်တာပဲ။ သို့သော် (Power can corrupt) လို့ အဆိုရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ် မပျက်စီးအောင်
ကျွန်တော်တို့က သွေးသွေးပေးနေရတယ်။
တကယ့်အင်အားကို
အလိုရှိတယ်
ကျွန်တော်တို့ဟာ
ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးရဲ့ တကယ့်အင်အားကြီးမှုကို အလိုရှိတယ်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီး ညီညွတ်မှုကို
လိုချင်တယ်။ သို့သော် ဖ-ဆ-ပ-လ
ညီညွတ်ရေးသည် ပထမအချက်အားဖြင့် လူထု အဖွဲ့အစည်း များကို အခြေခံ ထားရမယ်။ တောင်သူလယ်သမား၊ အလုပ်သမား စတဲ့ လူထုဟာ
ငွေအားနဲ့တော့ မကူနိုင်ဘူးပေါ့။
သို့ပေမယ့် လူအားနဲ့ ဖိနိုင်တယ်။
တိုက်နိုင်တယ်။ ဖ-ဆ-ပ-လ ဟာ တကယ်
လွတ်လပ်ရေး တိုက်ချင်ရင် သူတို့သာ တိုက်ပေးနိုင်တယ်။ ဒုတ်ယအားဖြင့် ဖ-ဆ-ပ-လ ညီညွတ်ရေးဟာ
လူထုနှင့်ချီပြီး အုံကြွဝင်တဲ့ တိုက်ပွဲများအပေါ်မှာ အမှီပြုရမယ်။ လွတ်လပ်ရေးတိုက်ပွဲဆိုတာ ကောင်းကင်ပေါ်က ဗြုန်းကနဲ ကျလာပြီး ဘွားကနဲ ပေါ်လာတာ
မဟုတ်ဘူး။ လူထုဘဝအတွင်း သီးစားခတိုက်ပွဲ၊
အမတော်ကြေးတိုက်ပွဲ၊ လုပ်ခပိုရဖို့ တိုက်ပွဲ၊ လုပ်ချိန်လျှော့ဖို့ တိုက်ပွဲ၊
သပိတ်တိုက်ပွဲ၊ ဖိနှိပ်ချုပ်ချယ်မှုတိုက်ပွဲ၊ ရိက္ခာတိုက်ပွဲ အဲဒီတိုက်ပွဲတွေ
နေ့စဉ်အမျှသော တိုက်ပွဲတွေရဲ့ ပေါင်းဂဏန်း၊ အမြှောက်ဂဏန်းတွေကို
လွတ်လပ်ရေးတိုက်ပွဲလို့ ခေါ်တယ်။
ဒီတိုက်ပွဲတွေ ဝင်ရင်းသာ ဖ-ဆ-ပ-လ ဟာ ညီညွတ်ရေး ရနိုင်တယ်။ ဖ-ဆ-ပ-လ
ခိုင်မြဲနိုင်တယ်။
ဒါဟာ
ကျွန်တော်တို့ ပါတီဝါဒပဲ။ ။(သြဘာသံ)
ဒီကျွန်တော်တို့
ဝါဒနဲ့ လုပ်ငန်းစဉ်ကို ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးက လက်ခံပြီး အလုပ်လုပ်ဖို့ ကျွန်တော်
အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံခြင်း ဖြစ်တယ်။
ဗိုလ်ချုပ်ကိုယ်တိုင်
ပါနေတယ်
အရွေးခံမယ်လုပ်တော့
စိတ်တော့ ထင့်သွားတယ်။ ဘာကြောင့်လဲ
ဆိုတော့ သာမန်အားဖြင့် ဥက္ကဌဆိုတာ (casting vote) လောက်သာ ပေးရတာ။ ခုတော့ တဖက်ကနေပြီး သူကိုယ်တိုင် အဆိုသွင်းပြီး
အကြီးအကျယ် ထောက်ခံနေလို့ အခက်တခု တွေ့ရတယ်။
နောက်ပြီး လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ဟာ ဖ-ဆ-ပ-လ က ယာယီ အသိအမှတ်ပြုတဲ့
အဖွဲ့ ယာယီကိုယ်စာလှယ်တွေက မဲပေးနိုင်တယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရတယ်။ ဒီလို ယာယီမဲတွေကလည်း ဟိုဘက်က ပါသေးတယ်။
သို့ပေမယ့်
တိုက်ရမှာပဲ (သြဘာသံ)
ရဲဘော်တို့၊
ပါတီဝင်အပေါင်းတို့၊ ပါတီလိုလားသူ အပေါင်းတို့ မဲပေးကြပေတော့ ငါတို့
အတိုက်မလျော့ရ။ (သြဘာသံ)
[ပြည်သူ့အာဏာဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၆)၊ ၃၁-၈-၄၆]
No comments:
Post a Comment