ကဗျာစာဆို ဆရာကိုသည်
မွေးနေ့ စိန်တစ်ခိုင်တိုင်ခဲ့ပြီ
အရွယ်ကြီးမား ဆရာသမားကား
ရှော့ ပင်ဝတ်တုံး သွေးဆူတုံး
ကာရန်အသစ်နဲ့  ကဗျာအစစ်ကို
လက်တစ်ဖျစ်တီး တဒင်္ဂအတွင်း၌
ဘယ်လက်နဲ့ ရေး ရနိုင်သေး၏။
သို့ ပါသော်ငြား ခါတစ်ပါးက
တားဟယ် ဆီးဟယ် ပိတ်ဟယ် နှိပ်ကွယ်
ပြုဖွယ်ထိုကြောင့်
ကဗျာသားချော မွေးရင်းလျှောခဲ့ ။
ရေးခွင့်ရှိလာ ခုချိန်ခါဝယ်
စိမ်းလဲ့ကန်သာ ပန်းကမ္ဘာမှာ
ကဗျာပန်းတွေ ပွင့်နိုင်သေး
ကဗျာပန်းတွေ မွှေးလိမ့် မနှေး……….။
ဆရာကို (၇၅) နှစ်မြောက်မွေးနေ့ တွင် ရွတ်ဆိုသည့်ကဗျာ
ဝင်းမြင့်(အင်းဝ)
Thursday, August 11, 2011
ဆရာကို
ရေးသူ - ဝင်းမြင့် အင်းဝ
Posted by
Maung Aye Win
at
8:47 AM
1 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)
















