Wednesday, February 6, 2013

အလွမ်းရုပ်နဲ့လူ - ရေးသူ ကိုလေး(အင်းဝ ဂုဏ်ရည်)



အ လွမ်း ရုပ် နဲ့ လူ
ရေးသူ - ကိုလေး (အင်းဝ ဂုဏ်ရည်)


တော မြင် လွမ်း
တောင် မြင် လွမ်း
ကြယ် မြင် လွမ်း
လ မြင် လွမ်း
အ လွမ်း မြိုင်
လွမ်း ခိုင် ဖွေး လှုပ်
အ လွမ်း ရုပ် နဲ့
ကျွန်ုပ်.....

ပု သိမ် ကြီး ရဲ့
ရိတ် သိမ်း ပြီး စ လယ် ကွင်း
သ ချိင်္ုင်း ဘေး မှာ
ပြာ ဖြစ် ကျန် ရစ်
ချစ် တဲ့ အ ဖေ
အ ဖေ
အ ဖေ.....

တိ ဂုံ ခြေ ရင်း
တ လင်း အုတ် ဂူ
နှုတ် ခမ်း မွှေး ဖြူ ဖြူ နဲ့
ရှေး လူ အို ကြီး
မီး စာ ကုန် ဆီ ခန်း
ငြိမ်း ချမ်း စွာ လဲ လျောင်း
စာ မီး မောင်း တို့ အား ကောင်း ဆဲ.....

စစ် ကိုင်း တောင်
ဝေ မှောင် အုံ့ ပျ ငြိမ်း ချမ်း စွ
ဦး သော ဘိ တ ဆ ရာ တော်
ရွှေ ကိုင်း သား အ ကျော်
အ နု ရု ဒ္ဓါ ချောင် ကြီး ပျော်
ရှိန် စော် ကြီး ဆဲ မွှေး ပျံ့ ဆဲ မှာ
လော က ထဲ က ခွာ သွား ပြီ.....

လူ ထု ဦး လေး မ နေ့ က လား ?
မီး သဂြိုဟ် စက်
မည်း နက် မီး ခိုး
မ်ုး ထဲ လွင့် ပျံ.....

ဆ ရာ ကြီး ရွှေ ဥ ဒေါင်း
လဲ လျောင်း ငြိမ် သက်
အုတ် စက် သ ချိင်္ုင်း.....

ရွာ ဟိုင်း သု သာန်
သွေး သံ လိမ်း လိမ်း
မြို့ မငြိမ်း လေ.....

မြစ် ငယ် မှာ နေ မြစ် ငယ် ရေ သောက်
မြစ် ငယ် ဂုဏ် တောက် စေ တဲ့
မြစ် ငယ် ပေါက် စာ ရေး ဆ ရာ
မြစ် ငယ် မှာ ခေါင်း ချ
မြစ် ငယ် ကြည် ဟန် ညီ လူ လှ.....

မ န္တ လေး မြို့ မြောက် ဆုးံ
ခံ ကုန်း သု သာန် မှာ
မြှပ် နှံ သ င်္ဂြိုဟ် ခဲ့ တဲ့
မောင် နေ ဦး ရဲ့ ရုပ် အ လောင်း
ပန်း ခွေ ပေါင်း များ စွာ နဲ့
ကျန် ခဲ့ ပြီ.....

တော မြင် လွမ်း
တောင် မြင် လွမ်း
ကြယ် မြင် လွမ်း
လ မြင် လွမ်း
အ လွမ်း မြိုင်
လွမ်း ခိုင် ဖွေး လှုပ်
အ လွမ်း ရုပ် နဲ့
ကျွန်ုပ်.......

ဒု က္ခ သ စ္စာ
မ ရ ဏာ နုဿ တိ
သိ သ လို
အို
ကို ကို စော
ကို ကို စော
တ က္က သိုလ် မောင် စော လွင်....

သေ ပြီ
ဆုးံ ပြီ
ကွယ် လွန် ပြီ
ဒီ
ကြိယာ
သိ တာ ကြာ ပေါ့.....

မ သာ
ဈာ ပ န
အ သု ဘ
သ ဒ္ဒါ ထဲ က
နာမ် များ စွာ
သ် တာ ကြာ ပေါ့.....

သ ညာ
ပ ညာ မ ဟုတ်
နင် ဘာ ဟုတ် သ လဲ
ကို ကို စော သေ တဲ့ ပွဲ မှာ
သဲ သဲ ကွဲ ကွဲ တွေ့
ဟေ့
ငါ ရူး ပေါ့.....

အိုး ထိန်း စက် သို့
သွက် သွက် လည်
အ ဘယ် ရှေး စာ
မှန် လိုက် တာ လေ.....

နှစ် နှစ် ခြိုက် ခြိုက်
အိပ် နေ လိုက် တာ..
" ဘာ ကူ ညီ ရ မ လဲ
ကဲ
ပြော "
ပြော နေ ကျ စ ကား
ကြား တယ် ကို ကို.....

ဘ ရိုး လင်း ဝင်း ခ နဲ
ထ ရော် လီ ကျွီ ခ နဲ
တံ ခါး ပိတ် ဂျိတ် ခ နဲ

မီး သ ဂြုင်္ိဟ် စက်
မည်း နက် မီး ခိုး
မိုး ထဲ လွင့် ပျံ
ပြန် မ လာ တော့ ဘူး ပေါ့ နော်.....

ကံ
စိတ်
ဥ တု
အာ ဟာ ရ
ဗု ဒ္ဓ ဟော ကြား
တ ရား နက် နဲ
ဥာဏ် ထဲ မ ဝင်
ကို ကို စော
စော သေး တယ် ထင်...

သေ ခြင်း ဆို တဲ့ တ ရား
အ လို
ဘယ် သူ များ စ သွား တာ ပါ လိမ့်...

တော မြင် လွမ်း
တောင် မြင် လွမ်း
ကြယ် မြင် လွမ်း
လ မြင် လွမ်း
အ လွမ်း မြိုင်
လွမ်း ခိုင် ဖွေး လှုပ်
အ လွမ်း ရုပ် နဲ့
ကျွန်ုပ်
ငုတ် တုတ် ငိုင် တိုင် ထိုင် နေ ပါ ရ စေ
ငုတ် တုတ် ငိုင် တိုင် ထိုင် နေ ပါ ရ စေ.....

တ က္က သိုလ် မောင် စော လွင် ကွယ် လွန်ခြင်း
နှစ် ဆယ့် ငါး နှစ် ပြည့် နေ့ သို့

2/8/1988---2/8/2013

ကို လေး (အင်း ဝ ဂုဏ် ရည် )

No comments: