Sunday, November 4, 2007

သက်သေခံ
ရေးသူ-နန်းမြင့်နွယ်


မြင်သာမြင်လည်း.....
မထင်ပါခဲ့၊ သညာမဲ့၏-။
ကြားသာကြားလည်း.....
နားမှာမ၀င်၊ လွင့်ကာစင်၏-။
တွေ့သာတွေ့လည်း.....
ခပ်မေ့မေ့နေ၊ မှုန်ဝါးလေ၏-။
ချစ်ဆွေများက၊ ပြောလှာကြ၏
"စိတ္တဇနာ၊ ကိန်းအောင်းရှာ၍၊
တို့စာဆိုဝမ်း၊ မမြေ့ချမ်းထင့်...
ညှိုးနွမ်းသည်ကို၊ ကြည့်ကြ-"ဆိုသော်၊
"အို...အို...မဟုတ်"၊ ငြင်းမည်လုပ်စဉ်၊
ရုတ်ချည်းစိုပြေ၊ ငါ့မျက်ရည်လျင်.....
ပါးပြင်သည်ခါ စီးသတည်း...။ ။
( "စိမ်း" သို့ ရည်ညွှန်းသည်) နန်းမြင့်နွယ်
[ ကဗျာဆရာကြီး-တင်မိုး ရဲ့ ငယ်မူငယ်လက်ရာကို မာယာမှာ ပြန်လည်ဆန်းသစ်ဖို့
စာရေးသူ မကွယ်လွန်ခင်ကတည်းက ခွင့်ပြုချက်တောင်းခံ၊ ရရှိခဲ့တာ ဖြစ်ပါတယ်]

No comments: