Friday, March 11, 2011

ကျေးဇူး
ရေးသူ- သုခမိန်လှိုင်




အမှောင်က
ညစဉ် မင်းကို ငါစမ်းသပ်ခဲ့တာ စိတ်မရှိပါနဲ့ကွာတဲ့
တောင်းပန်စကားဆိုတယ်။
စိတ်မရှိပါဘူး အမှောင်ရေ
မင်းကြောင့်သာ
ငါအလင်းရဲ့ ဂုဏ်သတ္တိတွေကို ရှိခိုးဦးညွတ်တတ်ခဲ့တာ။


Thanks
Translated by Maung Tha Noe

Darkness says
I've tested you every night
don't be offended, please
and asks for forgiveness
I won't mind, darkness
thanks to you
I know how to honor light's greatness.


[လက်နှိပ်ဓာတ်မီးထိုးပြီး.....

၁၃ ရက် ည ၁၁ နာရီ၊ အားလုံးမှောင်သွားပါသည်။ လက်နှပ်ဓာတ်မီးနှင့် ထိုးပြီး ကျွန်တော်ကဗျာတွေ တပုဒ်ပြီး တပုဒ် ရေးမိသွားပြန်ပါသည်။ ၀န်ခံရလျှင် မီးပြန်လာမှာ စိုးရိမ်နေမိပါသည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြီး ကဗျာစာအုပ်လေး တအုပ်စာ ရပြီးမှ မီးကို ပြန်လာစေချင်မိပါသည်။ ကျောက်ခေတ်လူသားတယောက်ထက်သာသော ဓာတ်မီးတလက်ကိုင်ပြီး ကြိုးစားလို့ ရနိုင် မရနိုင် ကျွန်တော့်ကိုယ်ကျွန်တော် စမ်းသပ်ချင်မိပါသည်။ ၉၀ ရာခိုင်နှုန်းလောက် ကံကောင်းသည်ဟု ဆိုရမည်လား၊ ၁၆ ပုဒ်မြောက်အရောက် ၁၄ ရက်အကူး ည ၀၂း ၃၀ လောက်တွင် မီးပြန်လာပါသည်။ မီးအလင်းရောင်အောက်တွင် အပိတ်ကဗျာလေးတပုဒ် ထပ်ရေးပြီး ဤ၀န်ခံချက်လေးကို ရေးလိုက်ရပါသည်။

ရည်ရွယ်ချက်က ဘာလဲ ..... လူတွေကို ကျွန်တော် ခွန်အားတွေ၊ အားတွေ ရှာကြံပေးချင်နေလို့ပါပဲ.... အမှောင်ဆန်သော ကမ္ဘာကြီးထဲတွင် အလင်းဆန်သော သတ္တိထူးတွေ ရစေချင်လို့ပါပဲ.... မရလျှင် ကျွန်တော်ညံ့၍ လို့လည်း ၀န်ခံနိုင်ပါသည်။ (ကျွန်တော်တို့ သက်တမ်းသည် နေရန်အချိန်တွေ သိပ်မကျန်တော့ဟု တန်ဖိုးထားပြီးအလုပ်တွေ များများ လုပ်နိုင်ရန် ကျွန်တော်၏ ကြိုးစားမှုတခုလည်း ဖြစ်ပါသည်။)

အမှောင်နှင့် အလင်းသည် လှည့်စားခြင်းဟုဆိုလျှင်လည်း အမှောင်ကို ကျွန်တော် မမုန်းပါ။ အလင်းကိုတော့ ချစ်မိပါသည်။]

သုခမိန်လှိုင်
၁၄ မေ ၂၀၀၉
၀၃း၀၅ နာရီ

{သုခမိန်လှိုင်ရဲ့ 'လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ' စာအုပ်၊ ၂၀၁၀ အောက်တိုဘာလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}

No comments: