Friday, February 12, 2010

လမင်းတရာရဲ့ 'ကြည်အောင်' ကွယ်လွန်ခြင်း နှစ်ပတ်လည်



<27/3/2009> မှာ ကွယ်လွန်ရှာတဲ့...ကဗျာဆရာကြီး..'ကြည်အောင်' သို့ နှစ်လည် အောက်မေ့သတိရ၊ အမှတ်တရ.......




လေးလေးရေ....

တောင်သမန် တံတားပေါ်မှာ၊ ဦးဇင်းရဲ့ တောင်လေးလုံးမှာ။
အင်းဝက ပန်းနုရောင်မှာ၊ စကားလက်ဆုံ ပြောမကုန်။
စကားတွေ တ၀ကြီး ပြောခဲ့ကြ၊ မနေ့တနေ့က လိုပါပဲ။
လေးလေး လက်ရေးလေးနဲ့ ကဗျာလေးတပုဒ်တောင်၊ စပ်ပေးဖူးခဲ့၊
မင်္ဂလာ ငွေရတု အထိမ်းအမှတ်တဲ့...။

'တိုးနဲ့ရည်
ကြည်ဖြူမြတ်နိုးကြစေသောဝ်။
နှစ်ကုဋေ
အချစ်တွေ... ပန်းတွေပွင့်
တိုးဆင့်စိတ်စော.....' တဲ့....။

ဒီကဗျာလေးကို ကျွန်မ သေချာ သိမ်းထားတာပါ။
ခုတော့... လေးလေးက ဆေးရုံကုတင်ပေါ်ကနေ တယ်လီဖုံးလေးနဲ့
'ငါ နေကောင်းပါတယ် ကလေးမ....' လို့ ပြောပြီး၊ နောက်တနေ့ကျတော့
ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ အဝေးကြီး တနေရာကို
ထွက်ခွါသွားခဲ့ပြီ.....။ ကျွန်မတို့နဲ့ ဘယ်တော့မှ စကားမပြောနိုင်တော့ပြီ.....။
စိတ်ထိခိုက်လှပါတယ်.... လေးလေးရယ်။
ဝမ်းနည်း ကြေကွဲ နှမြောလှပါတယ်....။
လေးလေး ရေးခဲ့တဲ့ ကဗျာလေး တပုဒ်ကို ကျွန်မ အမှတ်ရပါတယ်။
'မသေစာဆို၊ ကဗျာချိုလျက်' တဲ့.....။
ကဗျာချစ်သူ၊ ကဗျာမုန်းသူ၊ အားလုံးက ဦးညွတ်ရတဲ့....၊
လေးလေးရဲ့ ချိုမြတဲ့.. 'အမတ' ကဗျာများဟာ အစဉ်ထာဝရ
ချိုမြဲချိုလျက်၊ ကဗျာဆရာကို အမြဲတမ်း အသက်ရှင်စေမှာပါ။

လွမ်းလျက် မမေ့နိုင်သူ ကျွန်မတို့တွေမတော့....၊ လေးလေးရေ.......
ဆွမ်းသက်စေ့လှူရင်း ကျန်ခဲ့ပေါ့။ ။

ကလေးမ။

No comments: