Sunday, October 26, 2008

အခါလည်
ရေးသူ- ပန်းချီထိန်လင်း


မာယာအွန်လိုင်မဂ္ဂဇင်း တနှစ်ပြည့်အထိမ်းအမှတ်တရအတွက် ပန်းချီကိုထိန်လင်း အမှတ်တရ ရေးပေးပါတယ်


သွားသေးသေးလေးတွေနဲ့
ကမ္ဘာကြီးကို နည်းနည်းချင်းကိုက်ကြည့်
ပြီးထွေးထုတ်လိုက်၊ ပြီးပြန်ဝါးကြည့်
အမိန့်တွေဟာ အဖျားဖြတ်ဆေးလိုခါးပြီး
လရောင်ဟာလည်း နို့ရည်လိုပဲ ချိုတာပဲလို့.....
သိစ။




ကဗျာရွတ်သံကြားရင်
နားနဲ့ရွက်လွှင့်
လက်က လှေလိုလှော်လို့။

ခြေထောက်သေးသေးလေးနဲ့
ကမ္ဘာကြီးဆွဲအားကိုအံတုပြီးထရပ်၊
လဲကျ၊ ပြန်ထ၊
ရလို့ပျော်ပုံက၊
မုန်တိုင်းနဲ့စစ်ခင်းပြီးပွင့်လာတဲ့၊
ပန်းကလေးတပွင့်လိုပ။

ပန်းချီထိန်လင်း

1 comment:

ကိုအောင် said...

ပန်းချီး ကိုထိန်းလင်းကိုလည်း ကျေးဇူးများစွာ
တင်ပါတယ် ခင်ဗျာ။ လေးစားပါတယ်။