Tuesday, May 24, 2016

အဝေးကိုလိမ့်သွားတဲ့ ပန်းသီးတလုံး ရေးသူ - မော်မင်းသန်း

အဝေးကိုလိမ့်သွားတဲ့ ပန်းသီးတလုံး
ရေးသူ - မော်မင်းသန်း









ပန်းသီးတလုံးဟာ
အပင်ကဝေးဝေးကို
ကြွေကျရိုးထုံးစံမရှိတဲ့
ဒါပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။

အပင်ရဲ့သားသမီးဟာ
အသီးအပွင့်တွေပဲ
ဒါပေမယ့် မုန်တိုင်းကြောင့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။
ကိုယ့်မြေ ကိုယ့်ရေ
ကိုယ်ပိုင်လေထုထဲမှာ
လွတ်လပ်စွာ
အသက်ရှူချင်တယ်
ဒါပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။
ကိုယ့်မိခင်မြေကြီး
ကိုယ့်ပညာသင်ကြားရာကျောင်းတော်
သူငယ်ချင်းများ ရဲဘော်များ
ခွဲခွါမသွားချင်ပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့တယ်။
အရေးတော်ပုံ တိုက်ပွဲခေါ်သံများ
လူထုတိုက်ပွဲများ
လေထဲလွင့်နေတဲ့ ခွပ်ဒေါင်းအလံများ
အိမ်အလွမ်းစိတ်ဟာ
နှင်းမြူတွေလို
ဆိုင်းနေပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့တယ်။


ကိုအေးဝင်း(လမင်းတရာ)သို့
မော်မင်းသန်း

[ဆရာမြသန်းတင့် ဘာသာပြန်ဆိုသော အီလျာအာရင်ဘတ်၏ လူများသက္ကဇ်များဘဝ စာအုပ်မှ အဝေးသို့လိမ့်သွားသော ပန်းသီးတလုံး စကားလုံးကို ယူထားပါသည်။]

No comments: