Saturday, May 21, 2016

လမင်းဟာမွေးနေ့ရှိခဲ့တယ် ရေးသူ - ညီလင်းညို






လမင်းဟာမွေးနေ့ရှိခဲ့တယ်


 





ရေးသူ - ညီလင်းညို

 ခေတ်တခေတ်ရဲ့ လမ်းဘေးမီးတိုင်များပမာ
အဲ့သည့်လမင်းဟာ သာခဲ့တယ်။
ရွှေဘုံသာလမ်းရဲ့ ရွှေအလွမ်းတွေကြား
အဲသည့်လမင်းဟာ သာခဲ့တယ်။
၆၄ လမင်းတဲ့
တကယ်တော့ လမင်းတရာသာခဲ့တာပါ။
သည်လရောင်မှာ
ကျည်ဆံရာတွေ သမိုင်းခြေရာတွေ
အဝေးပြေးညတွေ အိမ်အလွမ်းတွေ
ကိုယ်ရေးရာဇဝင်တွေ
မိုးထဲရေထဲတွေ
ပုဒ်မပုဒ်ထီးတွေ စွဲချက်တွေ သည်းထိတ်ရင်ဖိုတွေ
ရန်ကုန်မကတပြည်လုံးသာခဲ့ရ
ခင်ဗျားမသိတဲ့တညညမှာ
အဲ့သည့်လမင်းသာခဲ့တာ
ခင်ဗျားဒဏ်ရာဟာလရောင်နဲ့ချုပ်ထားတာ။
သည်လမင်းဟာ မွေးနေ့ရှိခဲ့ပါတယ်။

ညီလင်းညို

No comments: