ဘ၀ခရီးဝယ်
မညည်းမညူ အတူလှမ်း
လက်ကမ်းလို့ တွဲခေါ်
ခရီးဖော်လဲ လိုအပ်တယ်။
အကောင်းအဆိုးကို
ကြောင်းကျိုးနဲ့ တွေးခေါ်ဖို့
တိုးတိုးဖော်လဲ ရှိသင့်တယ်။
သုတနဲ့ရသ
နှလုံးလှတဲ့ အလိမ္မာ
စာပေဆိုသော အဖော်လဲ
ဘ၀ထဲမှာ လိုတာပဲ။
ငိုတခါ ရယ်တလှည့်
လောကရဲ့ ဇာတ်ပွဲမှာ
ကြေကွဲတာတွေ ဖြေဖို့အဖော်
တရားတော်လဲ လိုသေးတယ်။
အဖော်မပါတဲ့ ခရီး
အထီးကျန်သွေ့ခြောက်
ရသပျောက်တဲ့ အလင်္ကာ
ကဗျာ မဆန်တော့ပါ။
ဘ၀ဆိုတဲ့ ဆည်းဆာ
သာယာတဲ့ ပန်းချီကား
အဖော်များနဲ့ ဆေးခြယ်ထား။ ။
[ရွှေခြံဂါမစာပေမှ ထုတ်ဝေတဲ့ ကိုသက်ရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာ ကဗျာစာအုပ်မှ ကူးယူဖော်ပြပါတယ်]
No comments:
Post a Comment