Monday, July 7, 2008

ဂေါတမရေ မပြန်လေနဲ့-အောင်ခြင်းကိုးပါး
ရေးသူ - ဒေါက်တာသန်းထွန်း

အ, ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား....။



ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ချင်းတွေ့၊ ရအောင်ချွတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါစိုးတယ်....။ ။

ငါ ကဗျာဆရာ မဟုတ်ဘူး....။ တင်မိုး ကဗျာဖတ်ပြီး ရေးချင်လွန်းလို့ ရေးတယ်။
ဒေါက်တာသန်းထွန်း

No comments: