Tuesday, July 1, 2008

ပင်ကျရည်အလွမ်း
ရေးသူ - တင်မိုး



{၁၃၆၅ ခု၊ ၀ါခေါင်လဆုတ် ၃ ရက်၊ ၂၀၀၃ သြဂုတ်လ ၁၅ ရက် ထုတ် မာယာမှ ပြန်လည် ကူးယူတင်ပြအပ်ပါတယ်။}

ပင်ကျရည် ထန်းရည်ခါး
ကြက်သားနဲ့ လိုက်ဖက်တယ်။

မန္တလေး ဘီယာဗူး
အာလူးကြော်နဲ့ မြည်းမယ်။




ပုဂံဟိုတယ်ဘေးမှာလ
တဲကလေး ထန်းရည်သည်
မျက်နှာငယ်ငယ်နဲ့ သူအငေး။

ကိုကြီးကျော်ဖော်အပေါင်းတို့
ထနောင်းပင်မြိုင်မြိုင်က
တယိုင်ယိုင် လုံချည်မ, ပါလို့
ငယ်စတိုင် သူတို့က, ရှာကြ
ထန်းမြရည်ပေးပါ-တဲ့
လွမ်းလှချည်သေး။ ။

တင်မိုး

No comments: